COVID-19 နှင်ထုတ်ခြင်းအား ဆိုင်းငံ့ထားမှုဆိုင်ရာ အချက်အလက် Eviction Moratorium - Burmese

၂၀၂၀ ခုနစ်ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြင်ဆင်မွမ်းမံခဲ့သည်။

၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အော်ရီဂွန်ပြည်နယ် လွှတ်တော်က HB 4213 ပြည်နယ်တလွှားရှိ လူနေထိုင်ရာ နှင့် စီးပွားရေး အဆောက်အဦးများနှစ်ခုစလုံးမှ နှင်ထုတ်မှုကို ဆိုင်းငံ့ထားခြင်းအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ တိုးမြှင့် လိုက်ကြောင်း ဆုံးဖြတ်သည်။ ဥပ‌ဒေသည် ငှားရမ်းနေထိုင်သူများအား ပေးရန်ကျန်ရှိနေသော အိမ်ငှားခကို ပြန်ပေးရန် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အချိန်ပေးလိုက်သည်။ 

ယာယီဆိုင်းငံ့မိန့်နှင့် စပ်လျဉ်း၍ အချက်အလက်များ ပိုမိုသိရှိလိုပါက အောက်တွင် တွေ့နိုင်ပါသည်။

ငှားရမ်းခ မပေးနိုင်ပါဘူးလား။ 

သင်သည် အော်ရီဂွန်ပြည်နယ်အတွင်း အိမ်ငှားနေထိုင်ပြီး သင်၏ ငှားရမ်းခကို မပေးနိုင်ပါက ဆိုင်းငံ့ကာလအတွင်း ငွေပေးသွင်းခြင်းမရှိသည့်အတွက် သင့်အား မနှင်ထုတ်နိုင်ပါ။ သင်မပေးနိင်ကြောင်းကို သင့်အနေဖြင့် သက်သေပြရန် မလိုပါ။

အိမ်ငှားများသည် ဆိုင်းငံ့ကာလအတွင်း ပေးရန်ကျန်သည့် ယခင်လများမှ အိမ်ငှားခများကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရှည်ကြာသော ငွေပြန်ပေးသွင်းမှု အထူးကာလ ခြောက်လ ရှိလိမ့်မည်။ ငွေပြန်ပေးသွင်းမှု အထူးကာလအတွင်း အိမ်ငှားများသည် သူတို့ အကြွေးတင်နေသည့် ယခင်လများမှ အိမ်ငှားခ အပြင် သူတို့ လတ်တလော ပေးသွင်းရန် ရှိလာသော လက်ရှိအိမ်ငှားခ ပေးသွင်းရန် လိုအပ်ပါလိမ့်မည်။

သင်၏ အိမ်ကို ငှားရမ်းထားပါက

outline of a person with a check next to it

  • ဆိုင်းငံ့အမိန့်သည် အိမ်ငှားခ မပေးနိုင်သော မည်သည့် အိမ်ငှားကိုမဆို ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ အိမ်မှ နှင်ထုတ်ခြင်းမှ အကာအကွယ်ပေးသည်။

  • ယာယီဆိုင်းငံ့ထားခြင်းက ထိခိုက်နစ်နာမှုမရှိဘဲ ငှားရမ်းသူများကို စက်တင်ဘာလ ၃၀ ရက်အထိ ကာကွယ်ပေးထားသည်။

  • ၎င်းသည် အခြားသော ဥပဒေအကြောင်းအရာကြောင့် နှစ်ထုတ်ခံထားရသော အိမ်ငှားများအတွက် အကာကွယ်မပေးထားသော်လည်း အိမ်ရှင်သည် အိမ်ငှားအား နှင်ထုတ်ရသည့်အကြောင်းရင်းကို ကြိုတင်အသိပေးရမည်။

calendar icon

  • ငွေပေးရန် အချိန်ရောက်လာသော အခါတွင် ငှားရမ်းခကို ပေးနိုင်ပါက သင့်အနေဖြင့် ငှားရမ်းခကို ပေးသင့်ပါသည်။

documents

  • သင်သည် အိမ်ရှင်အား ဝင်ငွေ ဆုံးရှုံးကြောင်း အထောက်အထားကို ပေးရန် မလိုပါ။

  • သို့ရာတွင် စာရွက်စာတမ်းများအားလုံးကို သိမ်းထားခြင်းဖြင့် သင်သည် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုက အိမ်ငှားခ ကူညီမှု အစီအစဉ်များ ရှိလာပါက သင့်အနေဖြင့် အရည်အချင်း ပြည့်မီနိုင်စေမည်။

money sign

  • ပြန်လည်ပေးသွင်းရန် အထူးကာလ သည် ဆိုင်းငံ့ကာလ ရုတ်သိမ်းပြီးနောက်တွင် စတင်သည်။ ဆိုင်းငံ့ကာလမှ ကျန်ရှိသော ငွေကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်အတွင်း ပေးသွင်းရမည်။

  • ငွေပြန်ပေးသွင်းမှု အထူးကာလအတွင်း သင်အကြွေးတင်ရှိနေနိုင်သော ယခင်လများအတွက် အိမ်ငှားခ အပြင် လတ်တလော ပေးသွင်းရန် ရှိလာသော အိမ်ငှားခကို ပေးသွင်းရန် လိုအပ်ပါမည်။

scales of justice

  • ယာယီဆိုင်းငံခြင်းဥပဒေ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ချိုးဖောက်သည့်အိမ်ရှင်သည် အိမ်ငှားမှ တရားစွဲဆိုနိုင်ပြီး အိမ်ငှားခ၏လစဉ်ငှားရမ်းခထက် သုံးဆအထိ ငွေချေနိုင်သည်။

  • သင့် အိမ်ရှင်က သင်အား အိမ်မှ နှင်ထုတ်ရန် ခြိမ်းခြောက်ပါက၊ နောက်ကျကြေးများ တောင်းပါက သို့မဟုတ် သင့်အနေဖြင့် လမ်းညွှန်ချက်များ ပိုမိုလိုအပ်ပါက ဥပဒေဆိုင်ရာ အကြံဉာဏ် သို့မဟုတ် အကူအညီကို အိမ်ငှားများ၏ လူထု မဟာမိတ် သို့မဟုတ် အော်ရီဂွန် ဥပဒေ အထောက်အကူပြု အဖွဲ့  တို့ကဲ့သို့ လူထု အရင်းအမြစ်များမှ ရယူပါ။

  • အိမ်ရှင်များနှင့် သူတို့ အိမ်များတွင် နေထိုင်ကြသော အိမ်ငှားများသည် နှစ်ဦးနှစ်ဘက် လိုလားပါက ငွေပေးချေမှု အစီအစဉ်ကို သတ်မှတ်နိင်သည်။ ငွေပေးချေမှု အစီအစဉ်တွင်း ဝင်ရောက်ရန် ဥပဒေအရ လိုအပ်ခြင်းမရှိပါ။