မြန်မာ ဘာသာစကား မဲပေးခြင်းနှင့် ရွေးကောက်ပွဲများဆိုင်ရာ အရင်းအမြစ်များ Burmese Language Voting and Elections Resources

Multnomah ကောင်တီ ရွေးကောက်ပွဲများ

မဲပေးခြင်းနှင့် ရွေးကောက်ပွဲများဆိုင်ရာ သိကောင်းစရာများ

Oregon တွင် မဲပေးရန် ဘယ်သူတွေ စာရင်းသွင်းနိုင်သလဲ။

သင်သည် Oregon တွင် နေထိုင်ပါက (နေထိုင်သူဖြစ်ပါက) အနည်းဆုံး အသက် 16 နှစ်ပြည့်ပြီးသူ အမေရိကန်နိုင်ငံသားဖြစ်လျှင် မဲပေးရန် စာရင်းသွင်းနိုင်ပါသည်။ သင် အနည်းဆုံး အသက် 18 နှစ်ပြည့်ချိန်တွင် သင်၏ ပထမဆုံးမဲလက်မှတ်ကို စာတိုက်မှတစ်ဆင့် လက်ခံရရှိပါမည်။

သင့်တွင် ကြီးလေးသော ပြစ်မှုမှတ်တမ်းရှိပြီး သင့်ပြစ်ဒဏ်ကို ပေးဆပ်ပြီးပါက မဲပေးရန် စာရင်းသွင်းနိုင်ပါသည်။ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း သို့မဟုတ် အိမ်ရာမလုံခြုံမှုကို သင်တွေ့ကြုံနေရလျှင်လည်း မဲပေးရန် စာရင်းသွင်းနိုင်ပါသည်။  သင့်တွင် အမြဲတမ်း စာပို့လိပ်စာ သို့မဟုတ် အမြဲတမ်း နေရပ်လိပ်စာမရှိလျှင်လည်း မဲပေးရန် စာရင်းသွင်းနိုင်သည်။ စာရင်းသွင်း မဲပေးပိုင်ခွင့်နှင့်ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိပါက Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးကို ဖုန်းခေါ်ဆိုပါ။

မဲပေးရန် ဘယ်လို စာရင်းသွင်းရမလဲ။

  • အွန်လိုင်းတွင် မဲပေးရန် Oregon နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် oregonvotes.gov/register တွင် စာရင်းသွင်းပါ။ အွန်လိုင်းတွင် စာရင်းသွင်းရန် သင့်တွင် Oregon ယာဉ်မောင်းလိုင်စင် သို့မဟုတ် သက်သေခံကတ်ပြားတစ်ခု ရှိရမည်။
  • Oregon မဲဆန္ဒရှင် မှတ်ပုံတင်ကတ်ပြားစာရွက်ကို ဖြည့်ပြီး မဲပေးရန် စာရင်းသွင်းပါ။ စာရွက်ကတ်ပြားကို Multnomah ကောင်တီ ရွေးကောက်ပွဲများ ရုံး၊ သင်၏ ပြည်သူ့စာကြည့်တိုက်၊ Oregon မော်တော်ယာဉ်ဌာနရုံး (Department of Motor Vehicles, DMV) သို့မဟုတ် စာတိုက်တွင် ရယူနိုင်သည်။
  • Oregon DMV သို့ သွားရောက်ပြီး ယာဉ်မောင်းလိုင်စင် အသစ် သို့မဟုတ် အစားထိုး ယာဉ်မောင်းလိုင်စင်၊ ယာဉ်မောင်းခွင့် သို့မဟုတ် သက်သေခံကတ်ပြားတစ်ခု ရယူပါက နောက်ထပ် ဘာမျှလုပ်စရာမလိုဘဲ မဲပေးရန် သင့်ကို စာရင်းသွင်းပေးနိုင်ပါသည် (Oregon မော်တော်ယာဉ်ဌာန မဲဆန္ဒရှင် အလိုအလျောက် မှတ်ပုံတင်ရန် နည်းလမ်း) မဲပေးရန် သင့်ကို အလိုအလျောက် စာရင်းသွင်းပေးနိုင်သော်လည်း ၎င်းသည် ချက်ချင်းမဟုတ်သေးပါ။

မဲပေးရန်အတွက် စာရင်းသွင်းခြင်းနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ ရှိပါက သို့မဟုတ် အကူအညီ ရယူလိုပါက Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့ ဖုန်းခေါ်ဆိုပါ။

စာတိုက်မှတစ်ဆင့် မဲပေးခြင်းက ဘယ်လိုအလုပ်လုပ်ပါသလဲ။

Oregon ရှိ ရွေးကောက်ပွဲအားလုံးကို ကောင်တီ ရွေးကောက်ပွဲများရုံးက ဆောင်ရွက်ပါသည်။ ကောင်တီ ရွေးကောက်ပွဲများရုံးသည် မဲလက်မှတ်များကို မဲဆန္ဒရှင်များထံသို့ စာတိုက်မှတစ်ဆင့် တိုက်ရိုက် ပေးပို့ပါသည်။ မဲဆန္ဒရှင်များသည် ၎င်းတို့၏ မဲလက်မှတ်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီးနောက် ၎င်းတို့ကို စာတိုက်မှတစ်ဆင့် ကောင်တီ ရွေးကောက်ပွဲများရုံး သို့မဟုတ် တရားဝင် မဲပေးသည့်နေရာသို့ ပြန်ပို့ရသည်။ သင်သည် ရိုးရှင်းလွယ်ကူသော အဆင့်ခြောက်ဆင့်ဖြင့် Oregon တွင် စာတိုက်မှတစ်ဆင့် မဲပေးနိုင်ပါသည် -

  1. အွန်လိုင်းတွင်၊ စာရွက်ပေါ်တွင် သို့မဟုတ် အလိုအလျောက် မှတ်ပုံတင်သည့် နည်းလမ်းမှတစ်ဆင့် မဲပေးရန် စာရင်းသွင်းပါ။ သင်သည် မဲဆန္ဒရှင် အသိပေးချက်ကတ်ပြားကို စာတိုက်မှတစ်ဆင့် လက်ခံရရှိပါမည်။ ထိုကတ်ပြားသည် မဲပေးရန် သင့်ကို စာရင်းသွင်းပြီးဖြစ်ကြောင်း အတည်ပြုပေးသည်။  လေ့လာစုံစမ်းရန်အတွက် Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့လည်း ဖုန်းခေါ်ဆိုနိုင်သည် သို့မဟုတ် သွားရောက်နိုင်သည်။
  2. ရွေးကောက်ပွဲမတိုင်မီ လေးပတ်အလိုတွင် မဲဆန္ဒရှင်များ၏ လက်ကမ်းစာစောင်ကို စာတိုက်မှတစ်ဆင့် သင် လက်ခံရရှိပါမည်။  မဲဆန္ဒရှင်များ၏ လက်ကမ်းစာစောင်သည် Oregon နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးက ပြုလုပ်ထားသော စာအုပ်အသေးတစ်ခု ဖြစ်သည်။  မဲဆန္ဒရှင်များ၏ လက်ကမ်းစာစောင်တွင် ကိုယ်စားလှယ်လောင်းများနှင့် ဥပဒေ ပြင်ဆင်ပြောင်းလဲရေး အဆိုပြုချက်များနှင့် ပတ်သက်သော အချက်အလက်များ ပါဝင်သည်။ ယင်းတို့သည် ဒေသဆိုင်ရာ (မြို့၊ ကောင်တီနှင့် ခရိုင်) ပြည်နယ်အဆင့် သို့မဟုတ် နိုင်ငံအဆင့် (နိုင်ငံ) ကိုယ်စားလှယ်များ သို့မဟုတ် ဥပဒေများ ဖြစ်နိုင်သည်။ မဲဆန္ဒရှင်များ၏ လက်ကမ်းစာစောင်ကို oregonvotes.gov တွင် အွန်လိုင်းမှတစ်ဆင့် ရရှိနိုင်သည်။
  3. ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုတွင် စာတိုက်မှတစ်ဆင့် သင့်မဲလက်မှတ်ကို လက်ခံရရှိပါမည်။ သင့်မဲလက်မှတ်ကို မရရှိပါက မဲလက်မှတ်အသစ် ရယူရန် Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့ ဖုန်းခေါ်ဆိုပါ။
  4. သင့်မဲလက်မှတ်ကို ဖြည့်ပြီး မဲပေးပါ။ သင့်မဲလက်မှတ်ကို အမှတ်အသားပြုပုံ သို့မဟုတ် မဲပေးခြင်း အလုပ်လုပ်ပုံကို နားလည်သဘောပေါက်စေရန်အတွက် အကူအညီ တောင်းဆိုနိုင်ပါသည်။ မဲပေးရန် သင်ဆုံးဖြတ်ပြီးသည်နှင့် သင့်ရွေးချယ်မှုများကို အမှတ်အသားပြုရန် ဘောပင် အပြာ သို့မဟုတ် အမည်းကို သုံးပါ။ တစ်ခုခုကို ကွက်လပ်ချန်ထား၍လည်း ရပါသည်။ မည်သည့်ပြိုင်ပွဲအတွက်မဆို ကိုယ်စားလှယ်လောင်းတစ်ဦးကို ထည့်ရေးနိုင်သည်။ သင် အမှားလုပ်မိပါက သို့မဟုတ် သင့်မဲလက်မှတ် ပျောက်သွားပါက မဲလက်မှတ်အသစ် ရယူရန် Multnomah ကောင်တီရွေးကောက်ပွဲများသို့ ဖုန်းခေါ်ဆိုပါ။
  5. သင်၏မဲလက်မှတ်ကို စာပို့ခကြိုတင်ပေးချေပြီးသော ပြန်ပို့ရမည့် မဲစာအိတ်ထဲတွင် ထည့်ပါ။ သင့်မဲလက်မှတ်ကို ထည့်သွင်းရေတွက်စေရန် ပြန်ပို့သည့် မဲစာအိတ်ပေါ်တွင် သင်လက်မှတ်ထိုးရမည်။ သင်သည် မသန်စွမ်းဖြစ်နေသဖြင့် ပြန်ပို့ရမည့် မဲစာအိတ်ပေါ်တွင် လက်မှတ်မထိုးနိုင်ပါက အကူအညီရယူရန် Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့ ဖုန်းခေါ်ဆိုပါ။
  6. သင့်မဲလက်မှတ်ကို ပြန်ပို့ပါ။  စာပို့ခ ပေးချေထားပြီးဖြစ်သော ပြန်ပို့ရမည့် မဲစာအိတ် (တံဆိပ်ခေါင်းမလို) ကို အသုံးပြု၍ သင့်မဲလက်မှတ်ကို စာတိုက်မှတစ်ဆင့် ပေးပို့နိုင်သည် သို့မဟုတ် တရားဝင်မဲပေးသည့်နေရာတွင် သွားထည့်နိုင်ပါသည်။ Multnomah ကောင်တီ စာကြည့်တိုက်ရှိသည့်နေရာတိုင်းအပါအဝင် ကောင်တီအနှံ့တွင်24 နာရီ တရားဝင်မဲပေးနိုင်သည့်နေရာများ ရှိပါသည်။ သင့်မဲလက်မှတ်ကို စာတိုက်မှတစ်ဆင့်ဖြစ်စေ သို့မဟုတ် တရားဝင်မဲပေးနိုင်သည့်နေရာများသို့ဖြစ်စေ ပြန်ပို့နိုင်ပါသည်။ သင်သည် သင့်မဲလက်မှတ်ကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ထားပါက ရွေးကောက်ပွဲနေ့တွင် သို့မဟုတ် ရွေးကောက်ပွဲနေ့မတိုင်မီတွင် ၎င်းမဲလက်မှတ်ကို စာတိုက်တံဆိပ် ရိုက်နှိပ်ထားရမည်။ တရားဝင်မဲပေးသည့်နေရာသို့ ပြန်လည်ပေးပို့ရမည့် မဲလက်မှတ်များကို ရွေးကောက်ပွဲနေ့ :၀၀ နာရီ နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရပါမည်။

မဲပေးရာတွင် ကျွန်ုပ်၏ ဦးစားပေး ဘာသာစကားဖြင့် အကူအညီ ရနိုင်ပါသလား။

ရနိုင်ပါသည်။ Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသည် အောက်ပါတို့အပါအဝင် မည်သည့် မဲပေးခြင်း အဆင့်တွင်မဆို အကူအညီလိုအပ်သူတိုင်းအတွက် စကားပြန်တစ်ဦးကို အခမဲ့ စီစဉ်ပေးပါသည် -

  • မဲပေးရန် စာရင်းပေးခြင်း
  • မဲလက်မှတ်ကို အမှန်ခြစ်ခြင်း သို့မဟုတ် ဖတ်ရှုခြင်း
  • သင်၏ လိပ်စာ၊ အမည်၊ နိုင်ငံရေးပါတီ သို့မဟုတ် အခြားမဲဆန္ဒရှင် အချက်အလက်များကို ပြင်ဆင်ခြင်း
  • ရွေးကောက်ပွဲစည်းမျဉ်းများနှင့် မဲပေးခြင်း အဆင့်များကို နားလည်အောင်လုပ်ခြင်း
  • ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အခြား အကူအညီမှန်သမျှ။

ဤအကူအညီများသည် အမြဲတမ်း အခမဲ့ဖြစ်ပါသည်။ အကူအညီရယူရန် ရွေးကောက်ပွဲများရုံးသို့ ဖုန်းခေါ်ဆိုပါ၊ အီးမေးလ်ပို့ပါ သို့မဟုတ် သွားရောက်ပါ။ မည်သည့်ဘာသာစကားနှင့်မဆို တယ်လီဖုန်းဖြင့် စကားပြန်ပေးခြင်းကို ရရှိနိုင်ကာ ဘာသာစကားနှစ်မျိုးပြောတတ်သည့် (စပိန်လူမျိုး) ရွေးကောက်ပွဲ ဝန်ထမ်းများလည်း ရှိပါသည်။ စကားပြန်တစ်ဦး တောင်းဆိုရန် Oregon နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရွေးကောက်ပွဲဆိုင်ရာ ဌာနစိတ် သို့လည်း သင်ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်သည် မသန်စွမ်းဖြစ်နေပါက မဲပေးရန်အကူအညီ ရနိုင်ပါသလား။

ရနိုင်ပါသည်။ Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသည် မသန်စွမ်းသည့် မဲပေးသူများအတွက် မဲပေးနိုင်ရန်အတွက်သာမက ရွေးကောက်ပွဲနှင့်ဆိုင်သော အကူအညီကိုလည်း ပေးပါသည်။  Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသည် သင့်အား အိမ်တိုင်ရာရောက်ဖြစ်စေ၊ ရွေးကောက်ပွဲများရုံးတွင်ဖြစ်စေ ကူညီပေးနိုင်ပါသည်။ ဤအကူအညီသည် အမြဲတမ်း အခမဲ့ဖြစ်ပါသည်။ အောက်ပါတို့ အပါအဝင် မည်သည့် မဲပေးခြင်း အဆင့်တွင်မဆို အကူအညီရယူရန် Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့ ဖုန်းခေါ်ဆိုပါ၊ အီးမေးလ်ပို့ပါ သို့မဟုတ် လူကိုယ်တိုင်သွားရောက်ပါ -

  • မဲပေးရန် စာရင်းပေးခြင်း
  • မဲလက်မှတ်ကို အမှန်ခြစ်ခြင်း သို့မဟုတ် ဖတ်ရှုခြင်း
  • သင်၏လိပ်စာ၊ အမည်၊ နိုင်ငံရေးပါတီ သို့မဟုတ် အခြားမဲဆန္ဒရှင် အချက်အလက်များအား ပြင်ဆင်ခြင်း
  • ရွေးကောက်ပွဲစည်းမျဉ်းများနှင့် မဲပေးခြင်း အဆင့်များကို နားလည်အောင်လုပ်ခြင်း
  • ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အခြား အကူအညီမှန်သမျှ။

Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသည် သင့်အတွက် လွယ်ကူစွာ၊ တသီးတသန့်နှင့် လွတ်လပ်စွာ မဲပေးနိုင်စေရန်၊ မဲပေးခြင်း အဆင့်များနှင့် ရွေးကောက်ပွဲ စည်းမျဉ်းများကို နားလည်စေရန်နှင့် မည်သူ့ထံ အကူအညီတောင်းရမည်ကို သိရှိစေရန် ဆောင်ရွက်ပေးလိုပါသည်။ မဲဆန္ဒရှင် တစ်ဦးစီ၏ အခြေအနေတိုင်းသည် ကွဲပြားမှုရှိနိုင်သည်။ အကူအညီ ရယူရန် Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့ ဆက်သွယ်ပါ။

Multnomah ကောင်တီ ရွေးကောက်ပွဲများရုံး၏ လိပ်စာ -

1040 SE Morrison Street, Portland OR 97214

ဖုန်း - 503-988-8683 အီးမေးလ် - elections@multco.us

ဝက်ဘ်ဆိုက် - MultnomahVotes.gov

ကျွန်ုပ်တွင် နောက်ထပ် မေးစရာများ ရှိပါက မည်သူ့ကို ဆက်သွယ်မေးမြန်းရမလဲ။

Multnomah ကောင်တီ ရွေးကောက်ပွဲများရုံးသို့ ဆက်သွယ်ပါ -

ရုံးဖွင့်ချိန်များ - တနင်္လာမှ သောကြာအထိ နံနက် 8:00 နာရီမှ ညနေ 5:00 နာရီအတွင်း။ ရွေးကောက်ပွဲနီးလျှင် ထပ်ဆောင်း ရုံးဖွင့်ချိန်များအကြောင်း ဖုန်းခေါ်ဆိုမေးမြန်းပါ။

လိပ်စာ - 1040 SE Morrison Street, Portland, OR 97214

ဖုန်း - 503-988-8683 | ဖက်စ် - 503-988-3719 | TTY လိုင်းလွှဲဖုန်းနံပါတ် - 1-800-735-2900

အီးမေးလ် - elections@multco.us

Oregon နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရွေးကောက်ပွဲဆိုင်ရာ ဌာနခွဲသို့ ဆက်သွယ်ပါ -

ဖုန်း - 1-866-673-8683 | ဖက်စ် - 503-373-7414 | TTY လိုင်းလွှဲဖုန်းနံပါတ် - 1-800-735-2900

အီးမေးလ် - elections.sos@state.or.us